If you are unable to view properly in chrome, you will need to download Burmese/Myanmar font to your computer.

အပြည်ပြည်ဆိုင်ရာ ကျောင်းသူကျောင်းသားများအတွက် အဆုတ်ရောဂါဆိုင်ရာ သတိပေးချက်

အပြည်ပြည်ဆိုင်ရာ ကျောင်းသူကျောင်းသားများ၌ အဆုတ်ရောဂါ (တီဘီ) ဖြစ်ပွားနိုင်မှုသည် သြစတြေးလျားနိုင်ငံတွင် မွေးဖွားကြသူများထက် ၁ဝ ဆ ပိုများသည်။

အကယ်၍သင်သည် အာရှတိုက်၊ အာဖရိကတိုက်၊ အိနဒိယတိုက်စုဎင် နိုင်ငံများ၊ တောင်အမေရိကတိုက် သို့မဟုတ် အရှေ့ဥရောပနိုင်ငံတစ်ခုခုမှဖြစ်လှျင်၊ သင်သည် အဆုတ်ရောဂါနှင့် ထိတွေ့မှု ရှိနိုင်ခဲ့ဘူးပြီး သင့်၌ အဆုတ်ရောဂါ ကူးစက်ခံရမည့် အနတရာယ်နှင့် ၎ကြောင့် နာမကျန်းဖြစ်နိုင်သည့် အနတရာယ် ပိုရှိသည်။

အဆုတ်ရောဂါသည် အဆုတ်များ၊ အခြားကိုယ်အင်္ ါအစိတ်အပိုင်းများနှင့် အရိုးတို့အား ထိခိုက်စေသော ကူးစက်ရောဂါတစ်ခုဖြစ်သည်။ အဆုတ်ရောဂါကို ဆေးဎါးနှင့် ကုသပေး၍ ပျောက်ကင်းစေနိုင်သော်လည်း အကယ်၍ မကုသဘဲ ထားပါက သေပျောက်စေနိုင်သည်။

လူပေါင်း ၁၄ သန်းခန့်၌ ထကြွမှုရှိသော အဆုတ်ရောဂါရှိနေပြီး ကမဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်၌ ငုပ်နေသော သို့မဟုတ် ငြိမ်သက်နေသော ကူးစက် အဆုတ်ရောဂါ ရှိနေပါသည်။ 

သြစတြေးလျားနိုင်ငံ၌ အဆုတ်ရောဂါဆိုင်ရာ ဆေးဎါးများသည် အခမဲ့ဖြစ်သည်။

သြစတြေးလျားနိုင်ငံ၌ရှိစဥ် ကျောင်းသူကျောင်းသားများ၌ အဆုတ်ရောဂါကို စစ်ဆေးရှာတွေ့ရှိရပါက၊ ၎တို့အနေနှင့် ဆေးကုသခံကြရာ၌ ဆေးဖိုးဎါးခကို ပေးရန် မလိုအပ်ပါ။ Overseas Student Health Cover (OSHC) (ပင်လယ်ရပ်ခြား ကျောင်းသူကျောင်းသား ကျန်းမာရေး အာမခံစနစ်) ဖြင့် ရောဂါစစ်တမ်းနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကို ကုန်ကျခံပေးပါလိမ့်မည်။

အကယ်၍ အဆုတ်ရောဂါရှိသည်ကို ရှာတွေ့လှျင် ကျောင်းသူကျောင်းသားများအား သြစတြေးလျားနိုင်ငံမှ ထွက်ခွာခိုင်းလိမ့်မည်မဟုတ်ပါ

အကယ်၍ ကျောင်းသူကျောင်းသားများအား အဆုတ်ရောဂါကို ကုသပေးနေလှျင်၊ ၎တို့အနေနှင့် ဆေးကုသမှုကို ခံယူနေသမှျကာလပတ်လုံး ကျောင်းသူကျောင်းသားများဆိုင်ရာ ဗီဇာ၏ စည်းကမ်းချက်များအပေါ် ထိခိုက်မှုရှိလိမ့်မည်မဟုတ်ပါ။

အဆုတ်ရောဂါ လကခဏာများ

အကယ်၍သင့်ထံ၌ အောက်ပါလကခဏာများ တစ်စုံတစ်ရာကို တွေ့ရှိရပါက၊ ဆေးကုသရန် အကြံဉာဏ်ကို ရယူပြီး၊ ဆရာဎန်အား ဤအချက်အလက်အချုပ်ကို ပေးပါ။

  • နှစ်ပတ်ထက်ကျော်ပြီး ချောင်းဆိုးခြင်း သို့မဟုတ် ဖျားခြင်း
  • အလွန်အကျွံ ညောင်းညာခြင်း
  • ညအချိန် ချွေးပြန်ခြင်း
  • ခံတွင်းပျက်ခြင်းနှင့် ကိုယ်အလေးချိန် လျော့ခြင်း
  • ချောင်းဆိုးသည့်အခါ သွေးပါခြင်းတို့ဖြစ်သည်။

သို့သော်လည်း ထကြွမှုရှိနေသော အဆုတ်ရောဂါရှိသည့် လူအချို့တို့၌ မည်သည့်ရောဂါလကခဏာများကိုမှျ တွေ့ရှိရလိမ့်မည်မဟုတ်ပါ။

အဆုတ်ရောဂါ ပျံ့နှံ့ကူးစက်မှု

အဆုတ်ရောဂါပိုးသည် လူတစ်ဦးမှ အခြားသူတစ်ဦးသို့ လေထုမှတဆင့် ပျံ့နှံ့သည်။ မိမိတို့၏ အဆုတ်များထဲတွင် ထကြွနေသော အဆုတ်ရောဂါရှိကြသူများသည် ချောင်းဆိုးသောအခါ၊ နှာချေသောအခါ၊ ရယ်မောသောအခါ၊ စကားပြောသောအခါ၊ သို့မဟုတ် သီချင်းဆိုသောအခါတို့၌ ရောဂါကို ပျံ့နှံ့ကူးစက်စေနိုင်ပါသည်။

သင် ကာကွယ်ဆေးထိုးပြီးသားဖြစ်သည်

အဆုတ်ရောဂါ ကာကွယ်ဆေး (ဘီစီဂျီ) သည် ကလေးငယ်များ၌ ဖြစ်နိုင်သော ပြင်းထန်ဆိုးရွားသည့် အဆုတ်ရောဂါပုံစံများကို တားဆီးကာကွယ်ပေးသည်။ သင် ကာကွယ်ဆေးထိုးပြီးဖြစ်လှျင်လည်းဘဲ သင် အဆုတ်ရောဂါကို ရနိုင်သေးသည်။

အဆုတ်ရောဂါရှိသူ မည်သူ့ကိုမှျ သင် မသိပါ

ဖြစ်နိုင်ခြေရှိသည်မှာ သင်မသိဘဲ အဆုတ်ရောဂါနှင့် ထိတွေ့မှု ရှိိကောင်းရှိနိုင်ခဲ့သည်။ အဆုတ်ရောဂါရှိသူ အချို့တို့၌ မည်သည့်ရောဂါလကခဏာများမှျ မရှိဘဲ သူတို့၌ ထကြွမှုရှိနေသော အဆုတ်ရောဂါရှိနေသည်ကို သိချင်မှလည်းသိကြမည်။

သင့်ထံ၌ အဆုတ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီးဖြစ်သည်

ဗီဇာရရှိရေးအတွက် ကျန်းမာရေးဆိုင်ရာ ဆေးစစ်မှုလုပ်ရာ၌ ထကြွမှုရှိနေသော သို့မဟုတ် ကူးစက်နိုင်သော အဆုတ်ရောဂါရှိ၊ မရှိ သိရန်အတွက် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ရသည်။ လူများစွာ၌ ငုပ်နေသော သို့မဟုတ် ငြိမ်သက်နေသော အဆုတ်ရောဂါပိုး ရှိကြလိမ့်မည်ဖြစ်သော်လည်း ၎ကို ရင်ဘတ်ဓာတ်မှန်တွင် မတွေ့ရနိုင်ပါ။ ငုပ်နေသော သို့မဟုတ် ငြိမ်သက်နေသော အဆုတ်ရောဂါသည် ရောဂါလကခဏာတစ်စုံတစ်ရာကိုမှျ မပြသသော်လည်း ဆေးစစ်မှုလုပ်ပြီးနောက် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ထကြွမှုရှိလာ၍ ကူးစက်စေသော အဆုတ်ရောဂါဖြစ်လာနိုင်သည်။

သြစတြေးလျားနိုင်ငံရောက်လာပြီးနောက် မည်သည့်နေရာမှ အကူအညီယူရမလဲ

သင်၏ ဆရာဎန်၊ တကကသိုလ် ကျန်းမာရေးဆိုင်ရာ ဎန်ဆောင်မှုဌာန သို့မဟုတ် ဒေသခံဆေးရုံအား ဆက်သွယ်ဆွေးနွေးပါ

— အကယ်၍သင့်ထံ၌ အဆုတ်ရောဂါဆိုင်ရာ လကခဏာများ တစ်စုံတစ်ရာကို တွေ့ရှိရပါက၊ သင့် ဆရာဎန်အား ပေးရန် ဤအချက်အလက်အချုပ်ကို သိမ်းဆည်းထားပါ။

Healthdirect Australia အား ၁၈ဝဝ ဝ၂၂ ၂၂၂ ၌ ဖုန်းဆက်ပါ သို့မဟုတ် www.healthdirect.gov.au/tuberculosis ၌ ကြည့်ပါ

သင်၏ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ ကျန်းမာရေးဌာန၏ ဎက်ဘ်ဆိုက်တွင် ကြည့်ပါ

ACT Department of Health (အေစီတီ ကျန်းမာရေးဌာန)

http://www.health.act.gov.au

NSW Ministry of Health (နယူးဆောက်သ်ဎေးလ်စ် ကျန်းမာရေး ဎန်ကြီးဌာန)

www.health.nsw.gov.au/infectious/tuberculosis

NT Government Department of Health (အယ်န်-တီ် အစိုးရ ကျန်းမာရေးဌာန)

www.health.nt.gov.au

QLD Department of Health (ကွင်းစလန် ကျန်းမာရေးဌာန)

www.health.qld.gov.au

SA Health (အဲ့စ်-အေ ကျန်းမာရေး)

www.sahealth.sa.gov.au

TAS Department of Health & Human Services (တဲ့စ် ကျန်းမာရေးနှင့် လူမှုဎန်ဆောင်ရေးများဌာန)

www.dhhs.tas.gov.au

Victorian Tuberculosis Program (ဗစ်တိုးရီးယန်း အဆုတ်ရောဂါ စီမံကိန်း)

www.rmh.mh.org.au

WA Tuberculosis Control Program (ဒဗလျူ-အေ အဆုတ်ရောဂါ ထိန်းသိမ်းရေး စီမံကိန်း)

www.health.wa.gov.au/acc/tb

 ​